“ Password ကြောင်း သိ့ကောင်းစရာ ၊ မိမိရဲ့ Password တွေကို ဘယ်လို ပေးကြမလဲ ? ”

ကျွန်တော်တို့ရဲ့ အိမ်ခန်းတွေ၊ ဗီရို သေတ္တာတွေကို သော့ခက်ပြီး လုံခြုံဖို့ ကြိုးစားကြသလိုပဲ Password ဆိုတာ ကိုယ့်ရဲ့ Personal Information တွေကို တစ်ခြားသူတွေ အလွယ်တကူ ခိုးမဖတ်နိုင်အောင်၊ ကိုယ့်ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေ၊ online payment တွေ၊ facebook၊ gmail အကောင့်တွေ စသည်တို့ကို Hacker လို့ခေါ်တဲ့ Network တွေ Computer System တွေကို ချိုးဖေါက် ၀င်ရောက်တက်သူတွေရဲ့ ရန်မှကင်းဝေးအောင် ကာကွယ်ပေးတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အရေးကြီးတဲ့ Data တွေ၊ Bank Account တွေ၊ online account တွေကို လုံခြုံမှု ရှိစေဖို့ စိတ်ချရတဲ့ password မျိုးဖြစ်အောင် ပေးဖို့လိုအပ်ပါတယ်။ လုံခြုံတဲ့ Password မျိုးဖြစ်အောင် နာမည်ကြီး Security Company တစ်ချို့ရဲ့ အကြံပြုချက်လေးတွေနဲ့ လက်လှမ်းမှီသလောက် ဖေါ်ပြပေးလိုက်ပါတယ်။

(၁) Password တစ်ခုပေးတော့မယ်ဆို လွယ်ကူတဲ့ စကားလုံးတွေ မဖြစ်သင့်ပါဘူး။ ဥပမာ။ ။ Password ကို ကိုယ့်မြို့နာမည်ပေးတာမျိုး ၊ အဖေနာမည် ၊ အမေနာမည် ၊ ချစ်သူနာမည် ၊ ကိုယ့်ရဲ့ နာမည် ပြန်ပေးထားတာမျိုး၊ တစ်ခြား လူတစ်ယောက်က အလွယ်တစ်ကူ သိ့လွယ် မှတ်မိနိုင်လောက်တဲ့ စကားလုံးမျိုးတွေ မပေးသင့်ပါဘူး။

(၂) ဒုတိယ အချက်အနေနဲ့တော့ Password ကို ပြည့်စုံပြီးဖြစ်နေတဲ့ Digital No တွေလဲ မပေးသင့်ပါဘူး။ ဥပမာ။ နိုင်ငံသား မှတ်ပုံတင် နံပါတ် ၊ ကိုယ့် မွှေးသက္ကရာဇ် ၊ ဖုန်းနံပါတ် စသည်ဖြင့်လည်း မပေးသင့်ပါဘူး။

(၃) Password ကို အနည်းဆုံး စာလုံးအရေအတွက် (8) လုံး နဲ့ (8) လုံးအထက်ပေးထားသင့်ပါတယ်။

(၄) Password ကို အက္ခရာအကြီး ၊ အသေး ၊ ဂဏန်း ၊ Special Character ([email protected]#$%) စသည့်ဖြင့် ရောပေးထားသင့်ပါတယ်။

(၅) Password ပေးတဲ့အခါမှာ ဘယ်သူမှလဲ မသိ့နိုင်သလို ကိုယ်ကိုယ်တိုင်လဲ မှတ်မှတ်ရရ ရှိမယ့် စကားလုံးမျိုးကို ရွှေးချယ်ပေးထားသင့်ပါတယ်။ ဥပမာ (စကားလုံးတို)လေးတွေနဲ့ No လေးတွေ special character လေးတွေ ကြားညှပ်ပြီး ဖန်တီးပေးလိုက်တာမျိုး ၊ မြန်မာလို စာစုတို တစ်ခုခုကို အင်္ဂလိပ် လက်ကွက်နဲ့ ပြန်ရေးပြီး No လေးတွေ character လေးတွေ ကြားညှပ်ပေးလိုက်တာမျိုး … ဖြစ်သင့်ပါတယ်။

(၆) ကိုယ့်ရဲ့ အရေးကြီးတဲ့ information တွေကို နေရာ တစ်ခုထက် ပိုပြီး သိမ်းထားခဲ့မယ်ဆိုရင် password ကို တူနေအောင် ပေးမထားသင့်ပါဘူး။ ကိုယ့်ရဲ့ data တွေ သိမ်းတဲ့နေရာ၊ website account တွေ ၊ social အကောင့်တွေကို password တစ်ခုတည်းပဲ ပေးခဲ့မယ်ဆိုရင် တစ်စုံတစ်ယောက်က သိ့သွားတဲ့အခါမျိုး ၊ မဖြစ်မနေ အရေးကြီးလို့ တစ်ခုခုကို ခိုင်းလိုက်တဲ့ အခါမျိုးတွေမှာ information တွေ အကုန် ပေါက်သွားနိုင်ပါတယ်။ ဒါကြောင့် password တွေကို ခွဲပြီးပေးထားသင့်ပါတယ်။

(၇) နောက်ဆုံးအကြံပြုချင်တဲ့ အချက်ကတော့ အရမ်းအရေးကြီးပါတယ်။ မိမိရဲ့ Password တွေကို မိမိကိုယ်တိုင် မှတ်မိနေဖို့ လိုအပ်ပါတယ်။ ကိုယ်ကိုယ်တိုင်မှ မမှတ်မိတော့ဘူး ဆိုရင်တော့ …… 😀 😊 Password တွေကို စာရွက်ပေါ်ရေးမှတ်ထားတာမျိုး၊ မှတ်စုစာအုပ်နဲ့ အစဉ်လိုက် မှတ်ထားတာမျိုး မလုပ်သင့်ပါဘူး။ အကယ်၍ Password တွေ များလွန်းလို့ မမှတ်မိနိုင်ဘူးဆိုရင် ဖုန်းမှာပဲ ဖြစ်ဖြစ်၊ computer မှာပဲ ဖြစ်ဖြစ် Password မှတ်တဲ့ secure software တွေ ရှိပါတယ်။ အဲ့လို software မျိုးတွေကို အသုံးပြုပြီး မှတ်ထားသင့်ပါတယ်။

ပုံမှန် user တွေအတွက် Personal Password နဲ့ ပါတ်သက်လို့ အကြံပြုဖေါ်ပြပေးခြင်း ဖြစ်ပါတယ်။ တကယ်တော့ ဒီနေ့ နည်းပညာခေတ်မှာက Password တစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာ နည်းပညာ သမားတိုင် သိ့ပြီး ဖြစ်ကြမှာပါ။ နောက်လည်း အလျှဉ်းသင့်သလို ဖေါ်ပြပေးသွားပါဦးမည် ………….. 😊

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *

*