LINUX SERVER နဲ့ WINDOWS SERVER ဘယ် SERVER ကိုသုံးမလဲ ?

ဒီကိစ္စဟာ Microsoft Company က Windows ကိုထုတ်လုပ်ရောင်းချနေတဲ့အချိန်မှာ Linux က Open-Source ဆိုပြီးထွက်ပေါ်လာတဲ့အတွက် Linux နဲ့ Windows Server တို့အကြားမှာ ဖြစ်ပေါ်လာတဲ့  အငြင်းပွားမှု တစ်ခုပါ။ Open Source ရဲ့သဘောက မည်သူမဆို အခမဲ့အသုံးပြုနိုင်တယ်။  တစ်ကယ်လို့ ခင်ဗျားဟာ Programming နဲ့ပတ်သက်လို့ နားလည်တက်ကျွမ်းသူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် OS တစ်ခုလုံးကိုတောင် ပြုပြင်ပြောင်းလဲပိုင်ခွင့်ရှိနေပါတယ်။ Microsoft ကတော့ သူရဲ့ Source Code တွေကို ကွယ်ဝှက်ထားပါတယ်။ ယျေဘုယ အားဖြင့်ပြောရမယ်ဆိုရင်တော့ computer user တစ်ယောက်ချင်းစီနဲ့ User အားလုံးဟာ windows software တွေကိုအသုံးပြုနေခဲ့တဲ့အချိန်တစ်ခုတည်းမှာ System Administrator တော်တော်များများက Linux ရဲ့ Open-Source ကို ထောက်ခံလာခဲ့ကြပါတယ်။

တစ်ကယ်တမ်းပြောရမယ်ဆိုရင်တော့ Windows Server နဲ့ Linux Server နှစ်ခုအကြားမှာ ဘယ် Server ဟာအမှန်တကယ် အသင့်တော်ဆုံး ဖြစ်မလဲဆိုတဲ့ တစ်ခြားသော စူးစမ်းလေ့လာမှုတွေလဲ အများကြီးရှိခဲ့ ပါသေးတယ်။ ဒီနေရာမှာ ကျွန်တော်က အဓိကကျတဲ့ ခြားနားချက် အနည်းငယ်ကိုပဲ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဘယ် Server ကို သုံးရမယ်၊ ဘယ်ဟာကတော့ ကောင်းတယ် မကောင်းဘူး စသည်ဖြင့် ဝေဖန် ထောက်ပြသွားမှာ မဟုတ်ပါဘူး။

အသုံးပြုသူ တစ်ချို့ကတော့ တစ်ကယ်လို့များ ၄င်းတို့ရဲ့တည်နေရာ ပတ်ဝန်းကျင်တစ်ခု (သို့) ကုမ္မဏီတစ်ခုလုံးက personal computer တွေအားလုံးမှာ Windows ကိုသာ အသုံးပြုခဲ့မယ်ဆိုရင် Windows Server တွေလိုအပ်နေဦးမယ်လို့ အထင်အမှတ်မှားနေကြတယ်။

စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက Linux နဲ့ Windows Server နှစ်မျိုးအကြား အသုံးပြုတဲ့ Computer တစ်လုံးပေါ်မှာ သီးသန့် Program တစ်ခု Run ဖို့ မလိုအပ်တာပါပဲ။ ခင်ဗျားတို့ရဲ့ Computer တွေမှာ ဘယ်လို Operating System တွေ Run ထားတယ်ဆိုတာကိုလည်း Linux နဲ့ Windows Server နှစ်မျိုးစလုံးက စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ windows 98 , XP , 2000 နောက်ဆုံး Apple Macintosh လိုမျိုး Run ပြီး အသုံးပြုခဲ့မယ်ဆိုရင်တောင် Linux နဲ့ Windows server နှစ်မျိုးစလုံး ရှိနေနိုင်ပါတယ်။

 

Cost (ကုန်ကျစရိတ်)

Company တစ်ခုအနေနဲ့ ဘက်ဂျက်အခြေနေဟာလည်း ထည့်စဉ်းစားသင့်တဲ့ အချက်တစ်ခုပါ။ အနိမ့်ဆုံးအဆင့် Server တစ်လုံးရဲ့ Power သုံးစွဲမှု Watt ပမာဏ၊ လွယ်လွယ်ပြောရရင် မိတာခ ကုန်ကျစရိတ်ပေါ့။ Server တစ်လုံးကို အသုံးပြုမှုမှာ BTU ဘယ်လောက်ထွက်သလဲ။ Air Condition ကုန်ကျစရိတ် စသည်ဖြင့် အများကြီးစဉ်းစားဖို့လိုအပ်ပါတယ်။ Linux Server နဲ့ Windows Server နဲ့ ပါတ်သက်လို့ကတော့ Web ပေါ်မှာ Popular အဖြစ်ဆုံး Operating System နဲ့ တိကျမှန်ကန်တဲ့ လေ့လာစမ်းစစ်မှုတွေအရ Linux ဟာ ကုန်ကျစရိတ် အရမ်းသက်သာတာကို တွေ့နေရပါတယ်။ အဲလိုပဲ တစ်ခြား တစ်ဖက်မှာရှိနေတဲ့ Windows Srever ကတော့ Very Expensive လို့ ဆိုပါတယ်။

Support (အထောက်အပံ့ပေးမှု)

Linux အသုံးပြုသူ အမြှောက်အများဟာ အွန်လိုင်းပေါ်က ကြီးမားတဲ့ Linux အစုအဝေးများစွာကနေ အထောင့်အပံ့တွေ ဗုံးပေါလအော ရနေတဲ့အချိန်မှာ Windows User တွေကတော့ help-desk support အတွက် ကုန်ကျစရိတ်တွေ ရှိနေပြန်ပါတယ်။ Linux အသုံးပြုသူတွေအတွက်ကတော့ online ပေါ်က chat board တွေ Fourm တွေကနေ တစ်ဆင့် အထောက်အပံ့တွေ အများကြီး ရနေကြပါတယ်။ ဒါပေမဲ့ Windows user တွေလို help-desk ကို ဖုန်းခေါ်ပြီး တိုက်ရိုက် မေးမြန်းတာနဲ့စာရင်တော့ Linux အသုံးပြုသူတွေဟာ ပြဿနာတစ်ခုခုပေါ်လို့ Chat Board တွေ Fourm တွေမှာ Post တင်ပြီး မေးမြန်းတဲ့အခါ တစ်ခါတလေမှာ Solution အတွက် အချိန်ကြာမြှင့်တာကိုတော့ တွေ့ရပါတယ်။ တစ်ကယ်တမ်းပြောရမယ်ဆိုရင် ဒီကိစ္စတွေရဲ့ အဓိကကျတဲ့ အချက်က ပြဿနာတစ်ခုကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ Server Administrator တွေရဲ့ ကျွမ်းကျင်မှု၊ လိမ္မာပါးနပ်မှု အပေါ်မှာလဲ မူတည်နေပါတယ်။

သာမှန်အားဖြင့်ဆိုရင်တော့ အသုံးပြုသူတွေဟာ ထူးကဲတဲ့ အစီအစဉ်တွေနဲ့ အချိန်ပြည့် အထောက်အပံ့ပေးနေတဲ့ Windows Server အသုံးပြုဖို့အတွက်ကိုပဲ ဦးတည်နေကြပါလိမ့်မယ်။ တခြားတစ်ဖက်က ကြည့်မယ်ဆိုပြန်တော့လဲ ပြဿနာတစ်စုံတစ်ခု ရှိခဲ့မယ်ဆိုရင် help-desk ရဲ့အကူအညီရရှိမှုနဲ့ပါတ်သက်လို့ Administrator တွေမှာ ပူပန်မှု စိုးစေ့မျှ မရှိစေနိုင်ပြန်ဘူးလေ။ တစ်ကယ်တော့ Linux Server ကိုအသုံးပြုတဲ့ Administrator တွေအတွက်လဲ လိုအပ်ခဲ့မယ်ဆိုရင် ဒီလို Paid help-desk တွေ အများကြီးရှိပါတယ်။ ဥပမာ Novel Company ရဲ့ Red Hat လိုမျိုးကိုအသုံးပြုပြီး Company ရဲ့ အထောက်အပံ့တွေကို အပြည့်အ၀ ရယူနိုင်ပါတယ်။

 

Security (လုံခြုံမှု)

Linux Server နဲ့ Windows Server နှစ်ခုအကြားမှာ Security ကလည်း အဓိက စဉ်းစားသင့်တဲ့ အချက်တစ်ခုပါ။ တစ်ကယ်တော့ Server နှစ်ခုစလုံးမှာ Security Problem နဲ့ပါတ်သက်လို့ အားနည်းချက်တွေကတော့ ရှိနေတာပါပဲ။ web ပေါ်က Administrator တွေရဲ့ ပြောဆိုချက်အရဆိုရင်တော့ Linux က Windows ထက် Security ပိုကောင်းတယ်လို့ဆိုပါတယ်။ နောက်တစ်ချက်နေနဲ့ Hacker တွေ ၊ Attacker တွေဟာ windows ရဲ့ Security အားနည်းချက်တွေကိုသာ အဓိကပစ်မှတ်ထားတိုက်ခိုက်နေကြတာကိုလဲ Internet သတင်းတွေ၊ Journal တွေမှာ အမြဲတမ်း တွေ့နေရတက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အရှေ့အလယ်ပိုင်း ဒေသမှာ နာမည်ကြီး တိုက်ခိုက်ခဲ့တဲ့ Flame Virus ဆိုတာဟာလည်း Microsoft ရဲ့ လှုံခြုံရေး အထောက်အထား အားနည်းချက်တွေကို ဗဟိုပြုပြီး ပြန့်ပွားနေခဲ့တာပါ။ Microsoft ရဲ့ Terminal Server ကိုဝင်ရောက်ဖို့အတွက် ကုမ္မဏီရဲ့ အမှတ်တံဆိပ် တရားဝင်အထောက်အထားအတိုင်းပြုလုပ်ထားတဲ့ Certificate အတုများပြုလုပ်အသုံးပြုခဲ့တယ်လို့တောင် ဆိုပါတယ်။ 2003 ခုနှစ်က Computer တွေကို အကြီးအကျယ်အန္တရာယ်ပြုခဲ့တဲ့ Blaster Virus ဆိုရင် Microsoft အနေနဲ့ Virus ရေးသားသူတွေကို ဖမ်းဆီးဖို့ ဆုငွေ ထုတ်ခဲ့ရတဲ့အထိတောင် ဖြစ်ခဲ့ရပါသေးတယ်။ ဒီ အချက်လက်တွေ ၊ သတင်းတွေကလဲ Administrator တွေရဲ့ စိတ်ကို ဒွီဟ ဖြစ်လာစေခဲ့ရပါတယ်။

Linux က အသုံးပြုတဲ့ user တွေအားလုံးကို ပြုပြင်ပြောင်းလဲမှုများနဲ့ ပတ်သက်လို့ လုပ်ပိုင်ခွင့်အပြည့်အ၀ ပေးထားတယ်။ OS တစ်ခုလုံးကိုလည်း စိတ်တိုင်းကျ ပြုပြင်ပိုင်ခွင့်လည်းရှိတယ်။ ဒီအချက်ကလဲ Windows နဲ့ Linux ရဲ့ ခြားနားချက်တွေထဲမှာ အဓိကကျတဲ့ အချက်တစ်ခုလို့ ပြောလို့ရနိုင်ပါတယ်။ open source ဖြစ်တဲ့အတွက် System ရဲ့ ဟာကွက်တွေ၊ မတည်ငြိမ်မှုတွေ ရှိခဲ့ရင်လဲ အလွယ်တကူနဲ့ ပိုကောင်းလာအောင် ပြုပြင်ပြောင်းလဲ ပေးနိုင်တယ်။ Windows user တွေအတွက်ကတော့ ဒီအချက်တွေကို စိတ်ကူးတောင်ယဉ်လို့မရဘူးပြောရမယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ Windows နဲ့ Linux Server နှစ်မျိုးစလုံးဟာ ပြည့်စုံကောင်းမွန်တဲ့ server တွေပါပဲ။ ဒါပေမဲ့ Administrator တစ်ယောက်အနေနဲ့ Linux လို open source နဲ့ Windows လို Company တစ်ခုက ထုတ်လုပ်ရောင်းချနေတဲ့ server နှစ်ခုစလုံးရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို အသေးစိတ် သေချာစဉ်းစား ဆုံးဖြတ်ကြည့်ဖို့တော့ လိုအပ်ပါတယ်။ ဘယ် Server ကိုအသုံးပြုသင့်တယ် အသုံးမပြုသင့်ဘူးဆိုတဲ့အချက်ကတော့ Administrator တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်ပါလိမ့်မယ်။ ဘာကို လိုချင်တယ်။ ဘယ်လို အသုံးပြုမယ်၊ ဘာအတွက် အသုံးပြုမယ်ဆိုတဲ့ အချက်တွေပေါ်မှာလဲ မှီခိုနေပါလိမ့်မယ်။ လေ့လာမိသလောက် ဆွေးနွေးတင်ပြခြင်းသာ ဖြစ်ပါတယ်။

#saoothu #TRA-Myanmar IT Solutions & Training Center

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *

*