June 10, 2013

Trojan Zeus ဗိုင်းရပ်စ် Facebook တွင် ပြန်လည်ရောက်ရှိ


၂၀၀၇ ခုနှစ်က ပထမဦးဆုံး ရှာဖွေတွေ့ရှိခဲ့သည့် Zeus Virus မှာ နာမည်ကြီးလူမှုရေးကွန်ရက် facebook တွင် ပြန်လည်ပေါ်ပေါက်လာခဲ့ကြောင်းသိ့ရသည်။ အဆိုပါ virus သည် အန္တရာယ်အရှိဆုံး Trojan များအနက် တစ်ခုဖြစ်ပြီး ၄င်းသည် Facebook ကိုအသုံးပြုကာ ကွန်ပျူတာများထံကူးစက်ပျံ့နှံ့နေကြောင်း Techspot.com မှ ဖေါ်ပြခဲ့သည်။
အဆိုပါ Trojan Zeus Virus သည် "Bring th NFL to Los Angeles" ကဲ့သို့သော Facebook စာမျက်နှာများပေါ်ရှိ Link အတုများတွင် ပါဝင်ကြောင်း ၄င်း Link ကို နှိပ်မိလိုက်သည့်အခါ Facebook စာမျက်နှာမှ download စာမျက်နှာတစ်ခုထံရောက်ရှိသွားပြီး software တစ်ခုကို download ပြုလုပ်ခိုင်းမည်ဖြစ်ကြောင်း၊ အဆိုပါ software ကို download ပြုလုပ်မိသည့်အခါ virus ကို download ပြုလုပ်ပြီး bank account များ၊ password များနှင့် account နံပါတ်များ၊ social security နံပါတ်များနှင့် အခြားအရေးကြီး အချက်အလက်များ ခိုးယူခံရမည်ဖြစ်ကြောင်း သိ့ရသည်။
ထို့အပြင် facebook ပေါ်ရှိ သူငယ်ချင်းများနှင့် မိသားစုဝင်များမှ တင်ထားသည့် Link များကိုလည်း အထူးဂရုပြုရမည်ဖြစ်ကြောင်း၊ link တစ်ခုခုမှ ပြင်ပ site တစ်ခုရှိ အရာများကို download ပြုလုပ်ခိုင်းပါက source ကို အသေအချာ စစ်ဆေးသင့်ကြောင်း၊ သံသယရှိပါက download မပြုလုပ်သင့်ကြောင်း အကြံပြုထားသည်။
Eurograbber ဟု လူသိ့များသော virus သည် zeus နှင့် အလားသဏ္ဍန်တူပြီး ၄င်း virus သည် ဥရောပတိုက်သား သုံးစွဲသူများထံမှ အမေရိကန်ဒေါ်လာ 46.5 သန်း ခိုးယူခဲ့ကြောင်း သိ့ရသည်။

Credit : နောင်နောင် (Internet Journal)
Ref : KTVQ Billings News




အားလုံးပဲအဆင်ပြေကြပါစေ .... လေးစားစွာဖြင့် ... စဦးသူ

0 comments:

Post a Comment

ခင်ဗျားတို့ရဲ့ စကားတစ်ခွန်းက ကျွန်တော် နောက်ထပ်စာရေးဖို့အတွက် အားဆေး တစ်ခွက်လို့ ပြောလို့ ရပါတယ်ဗျာ .... ။
လေးစားစွာဖြင့် .....စဦးသူ ......................

Twitter Delicious Facebook Digg Stumbleupon Favorites More